Tuesday, March 27, 2012

ဂျောက်ဂျက်လေး.. သားမချစ်တဲ့ ညီမလေး၊ ဘ၀တစ်ခြားကို သွားပြီ...
နောက်ဆို မင်းလေး စိတ်ဆိုး ဒေါသထွက်နေစရာမလိုတော့ဘူး

ဒီနေ့ တံခါးဖွင့်တော့ ခါတိုင်းလို ဆူညံနေတဲ့ သမီးလေးအသံကို မကြားရတော့ဘူး
၂ပတ်ဘဲ၇ှိသေးပေမယ့် သမီးအသံက ၄လသား ဂျောက်ဂျက်ရဲ့ အသံကိုတောင် ဖုံးအောင် အော်နိုင်တဲ့ ကလေးလေး
ခုတော့ မအော်နိုင်ရှာတော့ဘူးပေါ့
၂ပတ်အရွယ်ကလေးလေးကို ဆေးခန်းမှာ ဓာတ်မှန်တွေရိုက်၊ ဆေးတွေထိုးတော့ .. ကလေးလေးခမျာ အော်တောင် မအော်နိုင်ရှာဘူး
တောင်းပန်ပါတယ် ကလေးငယ်ရယ်... မင်းကို ဘ၀မကူးခင် အရမ်းနာကျင်အောင် လုပ်ခဲ့မိတယ်
ဘာလို. အသက်ဆက်မရှင်တာလဲ ကလေးလေးရယ်..
ဆရာဝန်တွေကပြောတယ်.. မင်းလေးက အမေလိုနေတယ်တဲ့၊ အမေနို.စို.ရမယ့်အရွယ်တဲ့...
ကျွန်တော် ကျွေးတဲ့ တန်ဖိုးကြီးအားဆေးတွေက မင်းရဲ့ မေမေ နို.တစ်စက်လောက် အသုံးမကျဘူးတဲ့လား
တခါတခါ လူတွေကို စိတ်နာတယ်
ဒီအရွယ် ကလေးလေးကို ဘာလို. မေမေနဲ့ ခွဲပြီး လမ်းဘေးမှာပစ်ခဲ့ကြတာလဲဗျာ..
အခုတော့ အပြစ်မရှိတဲ့ ကလေးလေးတစ်ယောက် အသက်ဆုံးသွားပြီ
ဘာဘဲဖြစ်ဖြစ်ကလေးလေးရယ်.. နောင်ဘ၀မှာ ဖေဖေ၊ မေမေနဲ့အတူ ပြည့်စုံတဲ့ ဘ၀လေးကို ရပါစေလို.
ကျွန်တော် ဆုတောင်းပေးပါတယ်..
never give up ဆိုတဲ့ အဓိပာယ်နဲ့ "ဇွဲ" ဆိုတဲ့ နာမည်ကို မင်းကို ပေးခဲ့တာ...ခုတော့ မင်းလေးက အရှုံးပေးသွားပြီတဲ့...
Anyway, I miss you my baby girl... :(

2 comments:

  1. ဖဘမှာဖတ်လိုက်ရကတည်းက စိတ်မကောင်းဘူး...၊ပြောရရင်ရက်သားလေး
    ဆိုတာသိကတည်းက စိတ်ထဲတထင့်ထင့်ပဲ...။ခု တွန်ရေးတာဖတ်ပြီး စိတ်
    ထဲအတော်ထိထိခိုက်ခိုက်လေးခံစားရတယ်တွန်ရာ....။ရင်ထဲကလာတဲ့
    စကားလုံးတွေချရေးထားတာဆိုတော့ ရင်ဘတ်နဲ့ဖတ်ကြည့်တဲ့အခါ ခံစားရ
    တာ တနင့်တပိုးပါပဲ....၊ဇွဲရေ....မင်းနောင်ဘဝမှာ ပြည့်စုံတဲ့ မိသားစု
    လေးကို ရပါစေကွယ်...။
    စကားမစပ်....၊စိတ်ညစ်နေရင် ခရီးထွက်ပလိုက်...အားပေးတယ်...။
    တူရကီကို လစ်မယ်လား...ကောင်းတာပဲ...

    ReplyDelete
  2. ဟုတ်တယ်ဗျာ.. ညစ်နေတယ်.. ခရီးထွက်မယ် စိတ်ကူးတာဘဲ.. လခမရသေးလို. စောင့်နေတာ.. ရရင် ခွင့်တင်ပြီး လစ်မယ်... ၂ရက်ဖြစ်ဖြစ် ၊ ၃ရက်ဖြစ်ဖြစ်ပေါ့.. အကြာကြီးတော့လဲ ဟိုတယ်ခ မတတ်နိုင်ဘူးလေ..
    my baby will be peace at cat heaven...

    ReplyDelete