၁) အစ်မအိမ်က ပြန်လာတော့ လမ်းမှာ ကိုယ်ဝန်ကြီးနဲ့ ကြောင်မကြီးတစ်ကောင် ကားတိုက်ခံရပြီး သေနေတာတွေ.ရတယ်။ စိတ်ထဲမကောင်းဘူး။ ဗိုက်ကြီးက နေ့စေ့လစေ့ကြီး၊ ကြောင်ကလေးတွေ အရာတောင် ဗိုက်ပေါ်မှာ မြင်နေရတယ်။ ကံပေါ့လေ... ဘာတတ်နိုင်မှာလဲ။
၂) အိမ်ရောက်တော့ အစ်မအိမ်မှာ ကွန်ပျူတာ ချာဂျာမေ့ကျန်ခဲ့တာ သတိရတယ်။ ကွန်ပျူတာ မသုံးဘဲ မနေနိုင်လို. carrefour ပြေးပြီး ချာဂျာ အသစ်ပြေးဝယ်ရတယ်။ 119ကျပ်တောင်ပေးရတယ်။ နှမြောလိုက်တာ။
၃) ဘေးခန်းက ပြင်သစ်မက ကြောင်ပိစိလေးတစ်ကောင်ချီပြီး တံခါးလာခေါက်တယ်။ အစာကျွေးပေးပါပြောပြီး သူက အပြင်ထွက်သွားတယ်။ ပိစိလေးကို အစာကျွေးနေတုန်း လမ်းပေါ်က အစာလာစားနေကြ ကြောင်မကြီးရောက်လာတယ်။ ပိစိလေးကို ကိုက်မှာ စိုးလို. အခန်းထဲခေါ်လာတော့ အိမ်ကကောင်က ရန်ရှာတယ်။ အပြင်တံခါးပြန်ဖွင့်တော့ အပြင်မှာလဲ ကြောင်မကြီးက စောင့်နေတယ်။ ကြောင်၃ကောင်နဲ့ ဗျာများနေတုန်း၊ သူငယ်ချင်းတွေကလဲ ဖုန်းတွေခေါ်လိုက်တာ။ ပြီးမှပြန်ကြည့်တော့ miss call က 9 call တောင်မှ။ ဘာအရေးကြီးသလဲတော့ မသိဘူး၊ ကြောင်တွေက ပိုအရေးကြီးလို. ဖုန်းကို ပစ်ထားပလိုက်တယ်။
၎) နောက်ဆုံးတော့ ပိစိလေးကို ရင်ခွင်ပိုက်၊ အိမ်က ကောင်လေးကို ခေါင်းပွတ်ပေးပြီးချော့နဲ့ အပြင်က ကြောင်မကြီး သွားတဲ့ထိစောင့်ရတယ်။ နောက်ဆုံးကြောင်မကြီး ထွက်သွားမှ ပိစိလေးကို အပြင် ပြန်ထုတ်ရတယ်။ ဆောရီးပါ ပိစိလေးရယ်... မင်းက ငါ့အခန်းလေးကို ကြိုက်ပေမယ့်၊ ငါ့သားလေးက မင်းကိုလက်မခံဘူး။
၅) အားလုံးလဲ ပြီးရော... ကျွန်တော် တော်တော်မောသွားတယ်။ ခု စာမေးပွဲအတွက် စာကျက်လိုက်ဦးမယ်...
ခွေးတွေ၊ကြောင်တွေကို ကားတိုက်တာမြင်ရရင် စိတ်မချမ်းသာဘူး...၊ကိုယ်လည်း
ReplyDeleteဘာမှမတတ်နိုင်ဘူးလေ.....ဟူး......။ကြောင်သုံးကောင်နဲ့ဗျာများနေတာမြင်
ယောင်ပြီး ပြုံးမိတယ်.....:)))။မျက်ဆိခွဲရမယ်ဆို.....၊ခွဲပြီးရင် ဟင်းတွေဘာတွေ
ချက်ရင် နေကာမှန်တပ်ပြီးချက်နော်...၊ပြီးခေါင်းတွေဘာတွေအရမ်းမငုံနဲ့၊သတိ
ထားနော်...၊ဘုရာရှိခိုးတာမျိုး ခါးကိုင်းပြီးအရမ်းမလုပ်နဲ့....၊၃လလောက်ထိ
သတိထားဆင်ခြင်နော်...၊ကွန်ပြူတာလည်း မကြည့်နဲ့...၊ကြည့်လည်း အချိန်
နဲနဲပဲကြည့်....။
အင်း.... အစ်ကိုပြောတဲ့အထဲက ဆင်ခြင်ရမှာဆိုလို. နောက်ဆုံး ၁ခုဘဲရှိတယ်။း)
ReplyDeleteဟင်းချက်ရအောင် တခါမှ မီးဖိုးချောင် မ၀င်ဖူးဘူး။ ရေနွေးအိုး တစ်လုံးရှိရင် အားလုံးok တယ်။ ကော်ဖီဖျော်ဖို.နဲ့ ခေါက်ဆွဲပြုတ်ဖို.။
ဘုရားကလဲ သစ်သီးနဲ့ သောက်တော်ရေလဲတာကလွဲရင် ဦး၃ကြိမ်တောင်မချဖြစ်တာကြာပြီ။ ဒီတော့ ကွန်ပျူတာ သိပ်မကြည့်ဖို.ဘဲ ဆင်ခြင်ရမှာ။ ဟီဟိ။
မျက်စိခွဲဖို.က ပိုက်ဆံစုရဦးမှာ။ ၃လလောက်လိုဦးမယ်။