Wednesday, March 14, 2012

ကျွန်တော် စိတ်ဓာတ်တွေကျနေတယ်။ အထီးကျန်ခြင်းတွေ များသထက် များလာတယ်။ လူတွေကိုလဲ အလိုလိုနေရင်း မုန်းနေမိတယ်။ ဖြစ်နိုင်ရင် ဟိုးအဝေးဆုံးမှာ ၁ယောက်တည်း နေချင်မိတယ်။ ကိုယ့်ကိုယ်ကို သတ်သေဖို. တခါကြိုးစားဖူးသူက နောက်တစ်ခါ အခက်အခဲကြုံလာတိုင်း ထပ်ခါထပ်ခါ ကြံစည်မိတတ်တယ်ဆိုတာ အခုမှသိလာတယ်။ သူများတွေ ဘာလို. အဲဒီလောက်ပင်ပန်းခံပြီး ရုန်းကန်ကြိုးစားနေကြလဲ ကျွန်တော် မသိချင်ဘူး။ ကျွန်တော့်အတွက်တော့ စိတ်ဆင်းရဲမှုဆိုတာ အကြောက်ဆုံး ခံစားချက်တမျိုးဘဲ။ ကျွန်တော် လူတွေကို အလိုလိုက် အကြိုက်ဆောင်ပြီး စကားမပြောချင်ဘူး။ ဒါပေမယ့် လူရှေ.သူရှေ.ရောက်ရင် အလိုလို သရုပ်ဆောင်ပြီးသားဖြစ်နေတတ်တဲ့ အကျင့်ကြီးကို မုန်းတယ်။ မကြိုက်ဘဲ ပြုံးပြရတာမုန်းတယ်။ ငါဘာလို. အဲလိုလုပ်မိလဲ ဆိုတာ အထပ်အထပ် တွေးမိရင်း ထပ်ထပ်မုန်းတယ်။
မနေ့ညက အိပ်မက်ထဲမှာ အဖေနဲ့ တွေ.တယ်။ ခက်တာက အဖေ့မျက်နှာကို မမြင်ရဘူး။ အဖေလို.လဲ မခေါ်ဖြစ်ပါဘူး။ ကျွန်တော်မှ အဖေ့ကို မမြင်ဖူးတာ။ အဖေလို. ခေါ်စရာလဲ စကားပြောတတ်ကတည်းက အနားမှာမှ မရှိခဲ့တာ။ အစ်မတွေကျတော့ အဖေဆိုတာကို သိလိုက် မြင်ဖူးလိုက်ရပြီး၊ ကျွန်တော့် အလှည့်ကျမှ အဖေက ဘာလို. စောစောသေရတာလဲ။ လူတစ်ယောက် သေသွားပြီးရင် တကယ်ဘဲ တစ်သက်လုံး ပြန်တွေ.ခွင့်မရှိတော့ဘူးတဲ့လား။ နောင်ဘ၀ဆိုတာ တကယ်ရှိသတဲ့လား။
မသိတော့ပါဘူး။ ကျွန်တော် သေချာတာက စိတ်ဓာတ်တွေကျနေတယ်။ ဘာလုပ်လုပ် စိတ်မပါဘူး။
ခဏလောက် ဖြစ်နိုင်ရင် ခဏလောက် သေကြည့်ချင်တယ်။ ခက်တာက မသေခင် နာမှာကိုလဲကြောက်တယ်။ အရင်တခါသောက်ဖူးခဲ့တဲ့ တင်နာအရည်ကလဲ ဗိုက်ထဲ ပူစပ်ပူလောင် ဖြစ်ပြီး ရင်တွေ ပူရုံထိဘဲ တတ်နိုင်တယ်။ တကယ်မှ မသေတာ။ ဘယ်သေမလဲ၊ တစ်ပုလင်းလုံးမှ ကုန်အောင် မသောက်နိုင်တာ။ အရသာကလဲ ဆိုး၊ ဝေဒနာကလဲ ဆိုးနဲ့ ဆေးရုံရောက်တဲ့ထိ ဘာဖြစ်လို. ဘာဖြစ်နေမှန်းတောင် မသိခဲ့ဘူး။ အန်ထုတ်ပစ်လိုက်တော့လဲ အရာရာက ပြီးသွားတာပါဘဲ။
အမုန်းတွေ အဲ့လို အန်ထုတ်ပစ်လို.ရရင် ကောင်းတယ်။ အတိတ်တွေ အန်ထုတ် ပစ်လို.ရရင်ကောင်းမယ်။
ကျွန်တော် လူလိမ်မာ မဖြစ်ချင်တော့ဘူး။ လူတော်လဲ မလုပ်ချင်တော့ဘူး။ သူများတွေ အားကျတဲ့ ဘ၀မှာ မနေချင်တော့ဘူး။ ဖြစ်နိုင်ရင် လူဆိုးဆိုး၊ အိမ်မကပ်တဲ့၊ စိတ်ကူးတည့်ရာ ကာတွန်းတွေ ထိုင်ဆွဲနေတတ်တဲ့၊ စာအုပ်တွေ တစ်နေကုန်ထိုင်ဖတ်ပြီး၊ ကျောင်းစာမှန်မှန်မကျက်တတ်တဲ့ ခပ်ဆိုးဆိုး ခပ်ပေပေ တစ်ကောင်ဖြစ်ခဲ့ရမှာ။ ခုတော့ မျက်မှန်ထူထူကြီးဘဲ အဖတ်တင်ပြီး၊ ၀ါသနာမပါတဲ့ စာကိုသင်ပြီး၊ ၀ါသနာမပါတဲ့ အလုပ်ကို လုပ်နေရတယ်။ မုန်းစရာကောင်းတဲ့ သူတွေကို အမြဲပြုံးပြနေရတာ စိတ်ကုန်လှပြီ။
နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ကြောင်လေးတစ်ကောင်ဖြစ်ချင်တယ်။ အိမ်ကြောင်ဆိုလဲ မိုးလုံ၊ လေလုံ၊ အစာပြည့်စုံပြီး အိမ်ရှင် ပြန်အလာမျှော်ပေါ့။ လမ်းပေါ်ကဆိုလဲ လမ်းမပေါ်မှာ နေပူစာလှုံ၊ ဗိုက်ဆာရင် အစာရှာစား၊ နောက်တစ်ကောင်တွေ.ရင် ဖိုက်တင်ပလေး၊ အချိန်တန်ရင် ကြောင်မလေးချောချောလိုက်ရှာ၊ ကိုယ်ပေါ်မှာ ၀ဲတွေရော၊ သွေးတွေရော၊ ဖုန်တွေရော... စုံချင်စုံနေမှာပေါ့။ ဘာဘဲဖြစ်ဖြစ် ငွေရှာစရာမလိုဘူး။ ဘယ်သူနဲ့မှ မိတ်ဖြစ်ဆွေဖြစ် ပြုံးပြနေစရာမလိုဘူး။ ကိုယ့်မင်း ကိုယ့်ချင်းဘဲ။း)

2 comments:

  1. တွန်.....တစ်ခုခုမလုပ်ခင် တွန့်ကို ချစ်တဲ့ အမေနဲ့ ခင်နေမိတဲ့လူတစ်ယောက်ရှိ
    နေတယ်ဆိုတာ သတိရပေးပါတွန်...၊တစ်ခါတစ်လေ ဘဝဆိုတာ ရုန်းကန်ရှင်
    သန်နေရတာထက် သေပစ်လိုက်ရတာကကောင်းပါတယ်....၊ဒါပေမယ့် သေ
    လိုက်ရတာထက် ကိုယ့်ကိုချစ်တဲ့(အနဲဆုံး)လူတစ်ယောက်အတွက် ရှင်သန်ပေး
    နေရတာကပိုကောင်းတယ်တွန်.....။ဘဝဆိုတာ နေ့တစ်ရက်ခြင်း၊တစ်နာရီခြင်း၊
    တစ်မိနစ်တစ်စက္ကန့်ခြင်းကို အောင်မြင်စွာကျော်ဖြတ်နေခြင်းပဲဟုတ်ဝူးလားကွာ၊
    ဘွ ဆိုတာကြီးကို ရလာမှတော့ အကောင်းဆုံးကျော်ဖြတ်ကြရအောင်လားကွာ၊
    ဓာတ်ကျမနေနဲ့တော့နော်.....fighting ညီလေး....၊တင်းထားနော်.....။

    ReplyDelete
  2. ကျွန်တော် ထင်တယ်၊ ကျွန်တော့်စိတ်က ပုံမှန်မဟုတ်ဘူး။ အထူးသဖြင့် ဘ၀ရဲ့ ထိုးနှက်ချက်သေးသေးလေးတောင် တောင့်မခံနိုင်တဲ့ ကိုယ့်ကိုယ်ကို မုန်းတယ်။ ကျွန်တော်က အရူးဗျ။း(

    ReplyDelete