တိတ်ဆိတ်တဲ့ညမှာ ဘာသာပြန်စာအုပ်တစ်အုပ် download ချပြီး ဖတ်ရတဲ့ အရသာကို အိပ်စက်ခြင်းနဲ့ မလဲချင်ပါဘူး။ laptop ကိုဗိုက်ပေါ်တင်ဖတ်ရတာ လေးပေမယ့်၊ စာအုပ်ထဲက ဇာတ်ကောင်တွေနဲ့ မျောပါနေတော့ ကျန်တာ သိပ်သတိမထားဖြစ်ဘူး။
မနက်ဖန် အလုပ်ဆင်းဖြစ် မဆင်းဖြစ်ကို စဥ်းစားရဦးမယ်။ အလုပ်သွားရမှာ ပျင်းသလို၊ အလုပ်မရောက်မှာလဲ ပျင်းတယ်။
ညနေက အွန်လိုင်းမှာ ချက်လိုက်ရတဲ့ ကောင်မလေးငယ်ငယ်လေးက သူ.ကိုကြိုက်ရင်း အချိန်တွေဖြုန်မနေပါနဲ့တဲ့။ နည်းနည်းကြောင်သွားမိပေမယ့် ဟုတ်ကဲ့ပါလို.ဘဲ ပြောလိုက်ပါတယ်။ ကျွန်တော် ကောင်မလေးငယ်ငယ်လေးတွေ မကြိုက်တတ်ပါ။ အွန်လိုင်းမှာ ကြုံလို. စကားပြန်ပြောဖြစ်ယုံလေးပါဘဲ။ သူ.မှာ ရည်းစားရှိမှန်းလဲ သိနေတာဘဲလေ။း) ကလေးတွေကပေးသော အတွေ.အကြုံသစ်ပေါ့ဗျာ။
မနက်ဖန် မနက်စာကို ပေါင်မုန်.မီးကင်နဲ့လိမော်ယိုသုတ်အရမ်းစားချင်နေတယ်။ ကွိုင်ဘဲ။
လက်သည်းတွေ ကိုက်တတ်တဲ့ အကျင့်ဆိုးကိုဖျောက်ရမယ်။ ပုံပျက်ပန်းပျက်နဲ့ ကြည့်ရတာ ရုပ်ဆိုးလွန်းပါတယ်။
ညကြီးအချိန်မတော် မော်တော်ကားကို အသံပြင်းပြင်းမောင်းတတ်သူတွေကို မုန်းတယ်။
No comments:
Post a Comment