Friday, February 24, 2012

စီးကရက်မီးခိုးထဲမှာ ငါ့အတွေးတွေကို လွင့်မျောနေတတ်ခဲ့တာ ၁ရက်၂ရက်မှ မကတော့ဘဲလေ။ အထီးကျန်တဲ့ ရက်ပေါင်း ၃၆၅ ကို ဘယ်လို မြန်မြန် ကုန်ဆုံးခွင့်ရမှာလဲ။ အနားမှာမရှိသူတွေကိုမှ ရှာဖွေတမ်းတနေတတ်ခဲ့တာ ငါ့ရဲ့ မပြည့်ဝတဲ့ စိတ်ဓာတ်ကြောင့်လား။
ကော်ဖီခါးခါးတွေ ဆင့်ကာ ဆင့်ကာသောက်ရင်း၊ အိပ်ချင်စိတ်တွေ ပြေပျောက်သွားတော့ရော ငါ့မှာ အထူးတလည် ဘာလုပ်စရာ ကျန်နေလို.လဲ။
ရုပ်ရှင်တွေကြည့် စာအုပ်တွေဖတ်နေရအောင် ငါ့မျက်လုံးတွေက အားရှိသေးရဲ့လား။
မကျေနပ်မှု မဖြစ်နိုင်မှု မတင်းတိမ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ငါ့ရဲ့ အလိုကို လိုက်ပေးနိုင်ဖို. ဘုရားသခင်မှာ နတ်ကောင်းကျန်ပါတော့မလား။
အိမ်ပြန်မယ် တဖွဖွပြောပြီး လက်ရှိဘ၀ကို မက်မောတွယ်တာနေတဲ့ကောင်။
မချစ်တတ်ပါဘူး ရေရွတ်ရင်း အပစ်ခံရမှ တမ်းတနေတတ်တဲ့ကောင်။
မလိုချင်ပါဘူး ညည်းတွားနေရင်း မရအရ လက်ကမ်းနေတဲ့ကောင်။
I hate and bore myself.

2 comments:

  1. ရောက်တယ်တွန်......မြန်မာပြည်ပြန်သွားလို့ မဖတ်ရသေးတာတွေပါပြန်ဖတ်
    သွားတယ်...၊ကြောင်လေးပျောက်သွားတယ်လား....၊တွန်က အပြင်မှာ ထုတ်
    ထားတာကိုး.....:)၊ဒါနဲ့စကားမစပ်....ဘဝဆိုတာဒီလိုပါပဲလေ...၊ညီးလည်းမညီး
    ငွေ့နဲ့တော့ မုန်းလည်းမမုန်းနဲ့တော့...နော့....၊လူတိုင်း ဒီလိုပါပဲ တွန်ရာ....။

    ReplyDelete
    Replies
    1. သတိတရ စာလာဖတ်တဲ့အတွက် ကျေးဇူးပါ။ ကြောင်လေးပျောက်သွားပြီ။ အခု နောက်တစ်ကောင်ထပ်ရောက်နေတယ်။ ဒီတခါက အထီးလေး၊ ငယ်လဲပိုငယ်တယ်။
      ဘ၀ဆိုတာကြီးကို တစ်ယောက်တည်းရင်ဆိုင်ရတာ ခက်ခဲလွန်းပါတယ်ဗျာ... ရန်ကုန်က ဘာမုန်.ပါခဲ့လဲ....း)

      Delete