Sunday, January 22, 2012

Wa Lah, Habibi! ဟားဟား..... သမီးလေးကို HR က၊ ကြောင်မှတ်ပုံတင်၊ ကာကွယ်ဆေးမထိုးရင် လက်မခံဘူးဆိုလို. အိတ်ထဲရှိသမျှလေးတွေ ခြစ်ခြုတ်ပြီး ဆေးရုံသွားဖို. ပြင်နေတုန်း ပေါ်လာပြန်ပြီနောက်တစ်ကောင်။ ဒါလဲ သမီးလေးဘဲ။ သူလေးက ပိုငယ်တယ်။ ပိန်ပိန်ချိချိနဲ့ ကြောက်လဲကြောက်တတ်ရှာတယ်။ အိပ်ရင်လဲ အိမ်က ဟိုကလေးမလို အိပ်ရာတွေ၊ ဆိုဖာတွေပေါ်နယ်မချဲ့တတ်ဘူး။ ခြေရင်းက ကော်ဇောလေးပေါ်မှာ ငြိမ်နေတတ်ရှာတာ။ အခုတော့ ၂ကောင်ဆိုရင် Housing ကလက်မခံတာ သေချာပြီမို.၊ ဘယ်နှယ့်လုပ်ရပါ့ဗျာ။ ၂ကောင်လုံးကလဲ မျက်နှာချင်းဆိုင်တာနဲ့ ရန်စောင်နေကြတယ်။ အိမ်ကငစွာလေးကတော့ ခင်ချင်ပုံရသား၊ အသေးလေးက အကောင်သာသေးတယ် ဒေါသအတော်ကြီးနေတဲ့ရုပ်။ ဒီလိုနဲ့ဘဲ စိတ်မကောင်းစွာဖြင့် တစ်ယောက်ကို အခန်းထဲမှာထား၊ တစ်ယောက်ကို အခန်းပြင်မှာ ကော်ဇောလေးခင်း၊ အစာနဲ့ ရေ အပြည့်အစုံပေးပြီး ထားရတယ်။ နက်ဖန် Security နဲ့တွေ.ရင် စောစောစီးစီးရန်ဖြစ်ရဦးမယ်။ ဟီဟိ.. စိတ်လဲညစ်၊ ရီလဲရီချင်တယ် ... ရာသီဥတုကအေးနေတော့ ကလေးတွေကို လမ်းပေါ်လဲ ပြန်မလွှတ်ရက်ပါဘူး။ ဖြစ်သမျှ ရင်ဆိုင်ရုံဘဲ...တတ်နိုင်ဘူးလေကွယ်...ချစ်မိတော့လဲ.....

2 comments:

  1. ကြောင်လေးက ချစ်စရာလေးပဲဗျနော်...၊အင်းမြန်မာပြည်မှဆိုရင်တော့ ကိုယ့်
    ဘာသာ ၂ကောင်မက ဘယ်နှကောင်မွေးမွေး ဘူနဲ့မှစကားမပြောရပေါင်ဗျာ...
    နော့........:)))

    ReplyDelete
    Replies
    1. ဟုတ်ပဗျာ... ဒီမှာကတော့ စည်ပင်နဲ့ ရန်ဖြစ်ရ၊ housing နဲ့ ရန်ဖြစ်ရနဲ့ ရှုပ်ကိုရှုပ်တယ်

      Delete