Wednesday, January 4, 2012

Girl x Girl ဆိုတဲ့ ကိုရီးယားကားလေးကို ကြည့်ဖြစ်တယ်။ သရုပ်ဆောင်ထားတဲ့ ကလေးမလေး၂ယောက်က ချစ်ဖို.ကောင်းလိုက်တာ။ သူတို.ကို ကြည့်ရင်း၊ ကိုယ်ပါ ကျောင်းတတ်တဲ့ အရွယ်လေး ဖြစ်သွားသလို ခံစားရတယ်။ lesbian ဇာတ်လမ်းလုံးဝမဟုတ်ပါဘူး။ ကျောင်းသူ ကောင်မလေး၂ယောက်၊ ကောင်လေး၁ယောက်ကို ၀ိုင်းကြိုက်ကြရင်း ရန်သူဘ၀ကနေ၊ အချစ်ဆုံးသူငယ်ချင်း ဖြစ်သွားကြတဲ့ ဇာတ်လမ်းလေးပါ။ ရိုးရိုးလေးနဲ့ သွက်သွက်လေး။း)
Only 4 days balance to go home!

1 comment:

  1. အဲဒီ့ဇာတ်ကားတော့ မကြည့်ဖူးဘူး။ ဒါပေမယ့် Lesbian ဇာတ်ကား တော်တော်များများ ကြည့်ဖြစ်တယ်။ စိတ်ဝင်စားလို့ပါ။ တချို့ဇာတ်ကားလေးတွေ တော်တော်ကောင်းတယ်။ မြန်မာကားတွေနဲ့ မတူဘူး။ မြန်မာကားတွေက ပေါကြောင်ကြောင်တွေ။ ညွှန်းချင်တဲ့ ဇာတ်ကားလေးတွေကတော့ Lost and Delirious, I can't think straight, Fingersmith (2005), Fire (Deepa-Hehta) (ကုလားကား၊ အင်္ဂလိပ်စာတန်းထိုး) Tipping the Velvet, တရုတ်ကား အင်္ဂလိပ်စာတန်းထိုးက (The Chinese Botanist's Daughter...အဲဒါတွေထဲမှာ အကြိုက်ဆုံးကတော့ Animee and Jaguar (ဂျူးမလေးနဲ့ နာဇီစစ်ဗိုလ်ရဲ့ မိန်းမဇာတ်လမ်း)..torrent နဲ့ ဒေါင်းရင်လည်း ရတယ်။ Rapidshare တို့ ဘာတို့ ဆိုရင်တော့ ဒီ site က တော်တော်စုံတယ်။ http://ls-lesbianmovies-gr.blogspot.com/ ကျနော်က ဘာရယ်မဟုတ်ပါဘူး။ ရုပ်ရှင်တို့ စာပေတို့ဆိုရင် အကုန်စိတ်ဝင်စားတယ်။ ကျနော့် blog မှာ Comment တွေ့မိလို့ ဒီကို လိုက်လာတာဗျ။ Tommy girl blog မှာ မေးထားတဲ့ မေးခွန်းကိုတော့ ကျနော်လည်း မဖြေတတ်ဘူး။ ဘာသာရေးကလည်း မိန်းမလျာ အကြောင်းပဲ ပြောတာကိုး။ Lesbian အကြောင်းတော မပါဘူး။ ကျနော်ကတော့ အဲလို predujice မှန်သမျှကို ဘာသာရေးဖြစ်ဖြစ် ဆန့်ကျင်တဲ့သူခင်ဗျ။ :D

    ReplyDelete