ပြန်ရောက်ပြီ။ နွေးထွေးတဲ့ အမေ့အိမ်ကနေ အေးစက်တာမဟုတ်ပေမယ့် အထီးကျန်ခြင်းတွေနဲ့ ကိုယ့်ရဲ့ နေရာငယ်လေးကို ပြန်ရောက်ပြီ။ မိသားစုနဲ့ ၉ရက်တာက နွေးထွေးလွန်းပါတယ်။ ရန်ကုန်ကို ခဏလေးပြန်လို. သူများတွေက အပြစ်ဆိုကြချင်ပေမယ့်၊ လွမ်းလွန်းနေတဲ့ အချိန်မျိုးမှာ ခဏလေးတွေ.ခွင့်ရတာက တန်ဖိုးရှိလွန်းနေခဲ့ပြန်တယ်။
အရင်ချစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်နဲ့ ပြန်တွေ.တော့လဲ၊ မျက်နှာပူသလိုလို၊ အားနာသလိုလို။
အမေက ပွစိပွစိ လုပ်လာသလောက်၊ သူ.ရဲ့ ကျွန်တော့်အပေါ် အားကိုးမှုတွေက လျှောက်နေတဲ့ လမ်းကို ရပ်မပစ်နိုင်အောင် တွန်းအားပေးနေတယ်။ ဟုတ်တယ်လေ... အမေ တော်တော်အိုနေပြီဘဲ။ သူ.စိတ်တွေကျနေ၊ ကြောက်နေတတ်တဲ့ အရွယ်ကို ရောက်နေခဲ့ပြီ။ ကျွန်တော်ခံစားမိတာ မေမေက ကျွန်တော့်ရဲ့ သမီးလေး ဖြစ်လာသလိုဘဲ။ သားသမီးတွေရဲ့ ပြန်ကြင်နာ ဂရုစိုက်ရမယ့်အရွယ်ကို သူတို.တွေ မလိုချင်ဘဲ ရောက်လာကြပြီလေ။ ဇရာရယ် ... ခင်ဗျား လုပ်ချင်တာလုပ်နိုင်ပါတယ်။ မေမေ့ကိုတော့ ဘ၀ထဲက ဆွဲထုတ်မသွားပါနဲ့။ သူမ ဘယ်လောက်အိုအို.. ကျွန်တော် ညည်းငြူမှာ မဟုတ်ပါဘူး။ သူမဘယ်လောက် ဆူဆူ... သူမကို ပျော်ရွှင်အောင်ထားပါ့မယ်။ သူမအထီးကျန်ခြင်းတွေ မခံစားရအောင်၊ ကျွန်တော်က သူမအတွက် ထာဝရအဖော်လုပ်ပေးပါ့မယ်။ မေမေနဲ့ ကျွန်တော်က မျဉ်းတစ်ကြောင်းထဲမှာ အသက်ရှင်နေကြတာပါ။ သူမရှိမှ ကျွန်တော်ရှိမယ်။ ကျွန်တော်ရှင်သန်မှ မေမေရွှင်လန်းမယ်။း)
I Love you Mummy!
No comments:
Post a Comment