Friday, December 2, 2011

ဒီနေ့တနေ့လုံး အိပ်ရာနိုးကတည်းက မနေ့က၀ယ်ထားတဲ့ မုန်.တွေ တစ်ခုပြီးတစ်ခုဖောက်စားရင်း၊ ကွန်ပျူတာရှေ.မှာဘဲ အချိန်ဖြုန်းဖြစ်တယ်။ အခုလို ပြည့်ပြည့်၀၀အနားယူရတဲ့ feeling ကတော်တော် ခံစားလို.ကောင်းတယ်ဗျ။ နေ့လည် ၁နာရီလောက်ကတော့ ကျောပူလာလို. အိပ်ရာခင်းလေးတွေ ထလဲဖြစ်တယ်။ ဒါလဲ ၁၀မိနစ်လောက်ပါဘဲ။ တစ်ကိုယ်လုံး အဆီတွေစုနေမှာ၊ ပိုဝလာမှာ စိုးပေမယ့် ပျင်းနေတယ်လေ။ ဘာတတ်နိုင်မှာလဲနော့။း)
facebook မှာ tomboy ဆိုတဲ့ page လေးတစ်ခုတွေ.တယ်။ ၁၉၊၂၀ သာသာလောက်ရှိမယ့် မြန်မာကလေးတွေစုဖွင့်ထားတာဗျ။ မဆိုးဘူးဘဲ၊ သူတို.ဟာ သူတို.တော့ ဟုတ်နေတာဘဲဗျ။ အသဲကွဲတဲ့သူနဲ့၊ နားရက်မှာ အပြင်သွားဖို. ချိန်းနေကြတဲ့သူနဲ့၊ စာမေးပွဲ ကျလို. အော်နေတဲ့သူနဲ့။ ဟား ဟား။ သူတို.အရွယ်နဲ့ သူတို.လုပ်နေတာလေးတွေက အပြစ်မြင်စရာတော့မရှိပါဘူး၊ ချစ်စရာလေးတွေပါဘဲ။ ဆံပင်ပုံစံကလဲ ရေလည်လန်းတယ်ဗျ။ justin beiber ကေလိုလို၊ ဂျပန်ကာတွန်းလိုလို၊ ကိုရီးယားမင်းသားလိုလိုနဲ့ပေါ့။ ချောချောလေးတွေလဲပါတယ်။ ငယ်တုန်းဆိုတော့ ချစ်စရာလေးတွေပါ။ ကျွန်တော်ကတော့ အဲဒီလို အ၀တ်အစား ၀တ်ခွင့်တွေ ကုန်နေပြီဖြစ်တဲ့ သက်ကြီးပိုင်း အုံ.ပုန်း tomboy တွေပါ။ ဟုတ်တယ်လေ..အသက် ၂၆နှစ်ဆိုတာ ကလေးတွေလို ယောက်ျားလေး အ၀တ်တွေဝတ်ပြီး နေချင်သလို နေခွင့်မှမရှိတော့တာ။ မဟုတ်ရင် အလုပ်ထဲ၊ ပတ်ဝန်းကျင်ထဲမှာ အနှိမ်ခံ၇တဲ့ မျက်လုံးတွေကို ဆက်မခံစားချင်တော့ပါဘူး။ ကျွန်တော်ကိုယ်တိုင်က မရဲဝံ့တာလဲပါပါတယ်။
မိန်းမတစ်ယောက်ကို ချစ်ကြိုက်တယ်ဆိုတာ ယောက်ျားအ၀တ်အစားဝတ်ထားမှ ကြိုက်ခွင့်ရှိတာမဟုတ်ဘူးလေ။ ရင်ထဲက လာတဲ့ အချစ်ကို အ၀တ်တွေနဲ့ ဖုံးကွယ်ထားလို.မှမရတာ။ စကတည်းက မိန်းမချင်းချစ်ခဲ့တာ၊ ယောက်ျားလေးမို. ချစ်ခဲ့ကြတာမှမဟုတ်တာ။ ကိုယ်တို.တူတူ shopping ထွက်နိုင်တယ်၊ cosmetic တွေ လုယက်ဝယ်ကြတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ပါတီပွဲမသွားခင် ပိုလှအောင် ပြင်ပေးခွင့်ရှိရမယ်၊ ချစ်သူလှနေတာကြည့်ပြီး ပျော်ရွှင်နေကြတယ်၊ မုန်.တွေ လုပ်စားကြမယ်၊ အိမ်သန်.ရှင်းရေးတူတူ လုပ်ကြမယ်။ ဒါမှဘဲ အမျိုးသမီးချင်းချစ်သူ အစစ်ဖြစ်တော့မှာပေါ့နော်။
အခုလဲ ကျွန်တော်တစ်နေ့လုံး အပျင်းထူနေတယ်။ အကြောင်းက ချစ်သူက ည၁၂နာရီကျော်မှ အလုပ်ကပြန်လာမယ်။ ကံတရားက ဆိုးဝါးစွာ ကျွန်တော်တို.၂ယောက်ကို အဝေးမှာထားထားတယ်။ ကျွန်တော် နားရက်ရတဲ့နေ့မှ သူမကျွန်တော့်ဆီလာအိပ်တယ်။ ကျန်နေ့တွေမှာတော့ အလုပ်မှာဘဲတွေ.ရတယ်လေ။ သူမက ၂ယောက်ခန်းမှာနေရတော့ သူမအခန်းကို သွားအိပ်ဖို.က ဘယ်လိုမှ မဖြစ်ဘူး။
Anyway I'm so excited for tonight babe! See you soon.

No comments:

Post a Comment