Monday, November 28, 2011

ဒီနေ့ သူငယ်ချင်းတစ်ယောက်ရဲ့ မြန်မာပြည်မပြန်ခင်နှုတ်ဆက်ပွဲလေး NOVOTAL HOTEL က Night Club လေးမှာ လုပ်ဖြစ်ကြတယ်။ အဲဒီနေရာကို တခါမှမရောက်ဖူးပေမယ့်လည်း ခဏလောက်ထိုင်ပြီးတော့ ရင်းနှီးအသားကျသွားတာပါဘဲ။ ပထမ ထောင့်စွန်းဝိုင်းမှာထိုင်နေကြတုန်းက မသိသာလှပေမယ့် Dancing Floor ရှေ.တည့်တည့်က စားပွဲမှာ ပြောင်းထိုင်မိကြတော့ မင်းလေးကို စတွေ.မိတာပေါ့။ ငါတို.တွေ ပါးစပ်က စကားတစ်လုံးမှ မပြောဖြစ်ပေမယ့် မျက်လုံးချင်း စကားတွေတော့ အများကြီးပြောဖြစ်ခဲ့ကြတယ်။ နင့်အပြုံးတွေမှာ အဆိပ်တွေပါနေပေမယ့် ငါကတော့ သဘောကျပါတယ်။ အမျိုးသားတွေကို ဖမ်းစားနိုင်တဲ့ နင့်မျက်လုံးတွေမှာ ငါယစ်မူးမိတာ ငါ့အပြစ်မဟုတ်လောက်ပါဘူးနော်။
နင်ရဲ့ကကွက်တွေကို Mobile နဲ့ Video Record လုပ်ဖြစ်တော့ နင်ကပြတဲ့ ကကွက်တွေက သာမန်ထက်ပိုလှနေတယ်။ Club ပိတ်တဲ့ အချိန်ထိမစောင့်ဘဲ ပြန်သွားမိတာခွင့်လွှတ်ပါနော်။ မနက်ဖန် ရုံးအစောကြီးတတ်ရမှာမို.လို.ပါ။ See you tomorrow လို. လက်ဟန်ခြေဟန်နဲ့ နင်လုပ်ပြပေမယ့်၊ ငါ အဲဒီClub ကို နောက်တစ်ကြိမ်ထပ်လာဖြစ်ဖို.မသေချာတော့ဘူး။ (ယောက်ျားလေးသူငယ်ချင်းတွေမပါဘဲ နင်တို. cub ကိုတစ်ယောက်တည်းလာရလောက်အောင် နေရာက မသင့်တော်လို့ပါ)
အိမ်ပြန်လမ်း ကားပေါ်ရောက်မှစဥ်းစားမိတာက နင့်ဖုန်းနံပါတ်ကိုတောင်းလာဖို.မေ့သွားတာကို သတိရတယ်။
ကဲ ကံကြုံရင် ပြန်ဆုံကြတာပေါ့ ကောင်မလေးရယ်... ဒီညတော့ သီချင်းတွေဆိုပြီး ကလိုက်ဦးပေါ့နော်။
Have a Good Night Babe!

No comments:

Post a Comment