Sunday, November 20, 2011

Night Out

ဒီနေ့ မင်းလေးနဲ့ Club သွားရတာ အရမ်းပျော်တယ်။ ခါတိုင်းလို သံစဉ်တွေနဲ့ ကွေးနေအောင် ကတတ်တဲ့ ကျွန်တော် ဒီနေ့ငြိမ်နေတာ သတိထားမိရဲ့လား။ အဲဒါ မင်းကြောင့်ပေါ့။ မင်းအနားကနေ ဘယ်ကိုမှ သွားခွင့်မရအောင် ကျွန်တော့်ကို ဖမ်းစားထားတာ၊ ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါတယ်။

မင်းလက်ကလေးကို ဆုပ်ကိုင်ရင်း Beach က သဲပြင်မွမွကို ဖြတ်ရတော့ ကျွန်တော် ရင်တွေ တော်တော်ခုန်နေမိတယ်။ မင်းရော… ဘယ်လိုခံစားခဲ့ရလဲ။ မင်းအပြုံးတွေက အသက်ငယ်သေးပေမယ့် အထင်သေးလို.မရတဲ့ မှော်ဆရာမတစ်ယောက်ဖြစ်မှန်း သက်သေပြနေတယ်။ ကျွန်တော် ပျော်လဲပျော်…ကြောက်လဲကြောက်ခဲ့ပါတယ်။ (ရင်နဲ့ရင်းပြီး နောက်တစ်ယောက်ကို မချစ်ရဲတော့လို.ပါ)

Club Car လေးစီးတော့ ပြုတ်ကျမှာ ကြောက်နေတဲ့ မင်းကို အားပေးရင်း ကျွန်တော် သူရဲကောင်းကြီး ဖြစ်နေရတာ ကိုယ့်ကိုယ်ကိုတောင် အထင်တွေကြီးနေမိရဲ့။

အိမ်အပြန်လမ်းမှာ ပေါက်ကရလေးဆယ်လျောက်ပြောရင်း နောက်လာခဲ့တာ မင်းကိုပျော်စေချင်လို.ပါကွာ။ မင်းအပြုံးလေးမြင်နေရတာ ပျော်တယ်ကွ။

Mc Donald ဆိုင်က မနက်၎း၀၀မှာ မဖွင့်တော့တာ ကျွန်တော်သိပေမယ့်၊ လမ်းထိပ်ကနေ အဆောင်ကို အတူတူလမ်းလျောက်ပြန်ချင်လို. မသိချင်ယောင်ဆောင်ပြီး Taxi ကိုရပ်ခိုင်းမိတာ ခွင့်လွှတ်နော်။ ကံကောင်းလို. မင်းဝယ်လာတဲ့ Snack က ငရုတ်သီးစပ်နေတယ်တဲ့လား။ ဒီတော့လဲ ကျွန်တော့်လက်ရာ ခေါက်ဆွဲပြုတ်လေး ချက်ကျွေးခွင့်ကြုံတာပေါ့။ (ပျော်လိုက်တာ)

မင်းအခန်းကို လိုက်လာပြီး ခေါက်ဆွဲပြုတ်လိုက်စားတဲ့နေ့ကျမှ၊ ကျွန်တော့်အခန်းက ရှုပ်ပွနေလိုက်တာ ထိုင်စရာနေရာတောင်မရှိဘူးနော် (ရှက်လိုက်တာ..ဟိဟိ)

ကျွန်တော့်ကို ပြန်ခါနီးပြောသွားတဲ့ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားထက်၊ နင်ကအရမ်းကြင်နာတာဘဲဆိုပြီး ပေးသွားတဲ့ အနမ်းနုနုလေးက လူကို တကယ်အသည်းယားသွားအောင်လုပ်ခဲ့တယ်နော်။

Anyway I’m really satisfied tonight!




No comments:

Post a Comment