Wednesday, November 9, 2011

Ma

ဒီနေ့ အလုပ်ထဲမှာ မ နဲ့ ထမင်းအတူစားဖြစ်တယ်
မ ပြောတဲ့ စကားလုံးတွေ
လှုပ်ရှားတဲ့ ကိုယ်နေဟန်ထားတွေ
ပြုံးလိုက်တဲ့ အပြုံးလေးတွေ
ဟူး..... ရင်ကိုစွဲလန်းသွားစေပြန်ပြီ

သေချာတာက မ ရဲ့မျက်နှာကျပုံ
စကားပြောဟန်တွေက
မေမေနဲ့ သိပ်တူတာဘဲ
မ နဲ့ စကားပြောရင် ရင်ထဲမှာ အရမ်းရင်းနှီးတယ်လို့
ခံစားရတယ်....

မ ကိုမချစ်မိအောင်ကြိုးစားနေတယ်
အချစ်က ပူလောင်လွန်းလို.ပါ
တခါခံစားရပြီးပြီဆိုတော့
နောက်တခါ အေးအေးချမ်းချမ်းလေးဘဲ
စွဲလန်းနေချင်လို.
သူငယ်ချင်းတော့ ဖြစ်ခွင့်ပေးပေါ့နော်

မ ကအနုပညာထွန်းကားတဲ့ အရပ်ကလာတဲ့
ပြင်သစ်သူလေးလို.မပြောရဘူး
အစစအရာရာနူးညံ့ နန်းဆန်လွန်းတယ်
ယဉ်ယဉ်လေးနဲ့ မရိုးနိုင်တဲ့
မ ရဲ့အလှကို အရမ်းအားကျမိတယ်

However, thanks for always give me your smile.

No comments:

Post a Comment