နှင်းတွေစိုနေတဲ့ လမ်းမထက်မှာ
ငါတစ်ယောက်ထဲ လွင့်မျောခြင်းနဲ့အတူ
လမ်းလျောက်ဖြစ်တယ်....
ညနေခင်းရဲ့ ပါတီပွဲမှာ
နင်မပါဘဲ အထီးကျန်ခြင်းနဲ့ အတူ
တွဲကဖြစ်တယ်....
အချစ်စစ်ကိုလိုက်ရှာနေရင်း
ငါ့နှလုံးသားက တဖြေးဖြေးအက်ကြောင်းထပ်လာတာ
ငါ....တကယ်သတိမမူဖြစ်ခဲ့ဖူး....
တကယ်တော့ အချစ်ဆိုတာဘာလဲ...
လူတစ်ယောက်ကို အမြဲဘေးမှာ ရှိနေစေချင်တာ အချစ်လား
တစုံတယောက်ကို အရိပ်လို ဂရုစိုက်နေချင်ခဲ့တာ အချစ်လား
သူမကို မမြင်ရရင် ရူးချင်နေတာကကော အချစ်လား....
Anyway Now I'm lonely
No comments:
Post a Comment