လူတွေကငါ့ကို မှတ်ချက်ပေးကြတယ် ....
တော်တော်ဆိုးလာတယ်တဲ့
ငါ...အရက်မသောက်ပါဘူး
ဆေးလိပ်တခါမှ မစမ်းဖူးဘူး
လောင်းကစားမလုပ်ပါဘူး...
ကောင်မလေးတွေကိုဘဲ စွဲစွဲမြဲမြဲချစ်မိတာ
ငါအပြစ်ကြီးလုပ်မိတာတဲ့လား....
နှလုံးသားရဲ့ရွေးချယ်မှုကို ဘယ်လိုငြင်းဆန်ရမလဲ မေမေ
ကျွန်တော်လဲဖြစ်နိုင်ရင် လူ.လောကကြီးမှာ
သူများတွေလို ပုံမှန်ဘ၀လေးနဲ့
ရှင်သန်ချင်တာပေါ့...
ဒါပေမယ့် ဖြစ်မှ ဖြစ်မလာခဲ့တာလေ...
ဘ၀ဆိုတာ တိုတိုလေးပါ...
ရှင်သန်နေရတဲ့ ခဏလေးမှာ ဘာလို. ကျားတွေ၊ မတွေ ခွဲခြားနေမှာလဲနော်
ကိုယ်ပျော်သလို (သူတပါးမထိခိုက်ရင်ပြီးရော) နေခွင့်ရသင့်တာပေါ့
ဘာဘဲဖြစ်ဖြစ် ငါ့လမ်းကို ငါဆက်လျောက်နေမှာဘဲလေ
ကျွန်တော်ဖြစ်ချင်ရာကို ဖြစ်ခွင့်အမြဲပေးတဲ့ မေမေဘေးမှာအမြဲရှိရင်
အရာရာဟာ ပြည့်စုံပါတယ်...း)
I miss you may may.. .....
No comments:
Post a Comment