Sunday, November 13, 2011

13.11.2011

ပ၀ါနီနီလေး လည်ပင်းမှာ စည်းထားတဲ့စတိုင်လ်လေးနဲ့ အရမ်းလှနေတဲ့ မ ကို တွေ.ရတာ အရမ်းချစ်စရာကောင်းတယ်။ ကျွန်တော့်ကို တွေ.တိုင်း ချိုမြလွန်းတဲ့ အပြုံးတွေပေးတာ ဒီကောင် ရူးတော့မယ်။ ဒီနေ့ ရုံးခန်းထဲကို ရုတ်တရက်လာလည်တာ တော်တော်ပျော်မိတယ်။ အချိန်တိုင်း မ ကိုတွေ.ချင်နေတယ်။ ဒါကြောင့် ဘိုးတော်က Front Office ကိုပြောင်းမလာလို. နောက်နေတုန်းက၊ ကျွန်တော်လဲ စသလိုလိုနဲ့ front office သွားမယ့်အစား SPA ဘဲသွားမှာပေါ့လို. ပြောလိုက်တာပေါ့။ တကယ်ပြောတာပါ အခွင့်အရေးသာရနိုင်ရင် လုံးဝစိတ်မ၀င်စားတဲ့ SPA မှာလုပ်ဆိုလဲ လုပ်ဖြစ်မှာပါ။ မ ဘေးမှာနေခွင့်ရခဲ့ရင်ပေါ့။ မ မှာ assistant မရှိသေးတာ သတိထားမိတယ်။ အဲဒီ ကံကောင်းမယ့်သူက ဘယ်သူများဖြစ်နိုင်မလဲနော်။ သူ.ကို ကြိုပြီး မနာလိုဖြစ်မိတယ် တကယ်။
fuuuuuuuuuuuuuuuuuuuuuuu.....

No comments:

Post a Comment