ဒီနေ့
မနက် ၉း၀၀ ကအဆူခံရတယ်..မနေ့က အလုပ်နောက်ကျလို.တဲ့။း(
အလုပ်တစ်ရက်နောက်ကျတာမှန်ပေမယ့် နေ့တိုင်း အိမ်ပြန်ချိန်ထက် ၄၊ ၅နာရီ ဆက်လုပ်ပေးတာလေးနဲ့ ပြန်မဖာပေးတဲ့အတွက် ၀မ်းနည်းမိတယ်။
နေ့လည် ၂း၀၀ လောက်မှ F&B ကပေးတဲ့ complainကို Supervisor ကို information ပေးတာ၊ သူကနေရာကို သိရက်နဲ့ ရစ်နေလို. တခြားလူတွေရှေ.မှာအော်ဖြစ်တယ်။ တခြားဌာနက လူတွေရှေ.မှာ အော်ဖြစ်တာ အပြစ်ဖြစ်သွားလား။ ငါလဲ Asst: Manager တစ်ယောက်ဘဲလေ။ လက်အောက်ကလူကို ဆူလိုက်မိတာ ငါဘဲ မှားပြန်ရောလားကွယ်။ ကိုယ့် Staff တစ်ယောက်က ကိုယ့်ကို ကပ်သပ်ပြီးပြောနေမှန်းသိရက်နဲ့ ခပ်မာမာပြောခွင့်တောင်မရှိတော့ဘူးလား။ ငါ သဘောကောင်းလွန်းခဲ့တာကိုဘဲ ကိုယ့်ကိုယ်ကို အပြစ်တင်ပါတော့မယ်။
ညနေ ၃း၀၀လောက်မှာ Director ဆီကို email ၁စောင်ပို.မိလို. Asst: Director ကဆူတယ်။ သူ့ဘာသာ အလုပ်ကို အချိန်ဆွဲထားလို. တမင် အမြင်ကပ်လို.ပို.လိုက်တာ။ အလုပ်တစ်ခုကို စပြီး ဆုံးအောင် မလုပ်ဘဲ လူကြီးမေးတော့မှ သူများခေါင်းပေါ်ပုံချတတ်တဲ့ သူ.အကျင့်ကို မုန်းတယ်။ ငါအဆူခံရတာ ခဏလေးရယ်၊ ကျန်တဲ့ ပြသနာသူဘဲရှင်းရမှာ ဆိုတော့ ဒီတစ်ခါ အဆူခံရတာတော့ တန်တယ် ထင်တာဘဲ။း)

No comments:
Post a Comment